ကြံခင်း ဒီဇင်ဘာ ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)ကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ထိုသို့ကျင်းပရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေး ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများပူးပေါင်းပြီး အထက်တန်းဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပကြရာ မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၄၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

 

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)