ရန်ကုန် ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ ၄ ရက်မှစ၍ ခရိုင်နယ်မြေများအလိုက် ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယနေ့ဒီဇင်ဘာ ၂၉ ရက်တွင် မှော်ဘီမြို့နယ် ရပ်၊ ကျေး (၂၁)ခုမှ ပြည်သူ (၅၃၇)ဦး၊ သာကေတ မြို့နယ် ရပ်ကွက် (၁၄)ခုမှ ပြည်သူ (၄၈၄)ဦး၊ ဗိုလ်တထောင်မြို့နယ် ရပ်ကွက် (၆)ခုမှ ပြည်သူ(၄၀၅)ဦး၊ ကမာရွတ်မြို့နယ် ရပ်ကွက်(၁၀)ခုမှ ပြည်သူ(၄၃၀)၊ စုစုပေါင်း ပြည်သူ(၁၈၅၆)ဦး တက်ရောက်၍ လက်တွေ့ စမ်းသပ်မဲပေးလေ့လာကြသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ(၄)ရက်မှ (၂၉)ရက်အထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ်(၄၀)တို့မှ စုစုပေါင်း မဲဆန္ဒရှင်ပြည်သူ (၃၇၈၁၄)ဦး တက်ရောက်လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၃၀)ရက်တွင် ထန်းတပင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် ဗဟန်းမြို့နယ်များတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)