နေပြည်တော် ၂၂ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဥက္ကာ၊ လဲချားမဲဆန္ဒနယ်၏ မိသားစုဝင် (၃) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) ၏ မိတ်ဆွေ (၃) ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီး၊ ချောက်မဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်သည့် ရန်ကုန်အဝေးသင် တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာတင်ဌေးအိ ဦးဆောင်သည့် ကြီးကြပ်သူဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ (၁၉၂) ဦး၊ ဂျပန်နိုင်ငံ၊ Nagoya University မှ ကြီးကြပ်သူ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၅) ဦးနှင့် မန္တလာဒီဂရီကောလိပ်၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှု ပညာဘာသာရပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဆွေ ဦးဆောင်သည့် ကြီးကြပ်သူဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၂၇)ဦး၊ စုစုပေါင်း ၃၄၀ တို့သည် ယနေ့ နံနက်၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ် တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ (၁) ဦး၊ Dream Tour Co.,Ltd ၏စီစဉ်မှုဖြင့် ဧည့်လမ်းညွှန် ဦးမြင့်အောင် ဦးဆောင်သည့် သြစတြေးလျ နိုင်ငံသား (၂) ဦးနှင့် ဂျာမနီနိုင်ငံသား (၂) ဦး၊ စုစုပေါင်း (၆) ဦးတို့သည်လည်း လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၄၇၂၃၅ ဦးနှင့် ပြည်ပဧည့်သည် ၂၀၈၀ ရှိပြီဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)