ညောင်ဦး ဇန်နဝါရီ ၁

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ စူဠာမဏိဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ပထမအကြိမ်အဖြစ် ကျင်းပသည်။

 

ဦးစွာ ဆရာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဗုဒ္ဓပူဇနိယပွဲတော်အား ဖွင့်လှစ်ကာ ဆရာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။

 

ထို့နောက် ဆရာတော် အရှင်သူမြတ်များအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသိန်းအောင်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ စူဠာမဏိဘုရား ဂေါပကအဖွဲ့နှင့် ဆွမ်းသပိတ်လုံး ကုသိုလ်ရှင်များက ဆွမ်းသပိတ်လုံးများ လောင်းလှူပူဇော်ခဲ့ကြသည်။

 

ဒီပါလင်း