ရခိုင် ဇန်နဝါရီ ၁

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်တို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများမှ ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအား အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ် ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါ ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။

 

သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)