မွန် ဇန်နဝါရီ ၁

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီမှ တာဝန်ရှိသူများက သွားရောက်ရောင်းချပေးခဲ့သည်။

 

ထိုသို့ရောင်းချရာတွင် ဧည့်မထဆန် တစ်ပြည် ၂၈၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၅၄၀၀ ကျပ်နှင့် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်၊ ကုန်စိမ်း၊ ကုန်ခြောက် စသည့် အခြေခံ စားသောက်ကုန် အမျိုးမျိုးတို့ကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် စနစ်တကျ ရောင်းချပေးရာ ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများက လာရောက်ဝယ်ယူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)