နေပြည်တော် ဇန်နဝါရီ ၁
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ သုတရသ စာအုပ်များပြသခြင်းကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။
ပြိုင်ပွဲများသို့ ဆရာစံရပ်ကွက်၊ နှင်းမူကြိုကျောင်းမှ မူကြိုအဆင့်၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၆၀ တို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုတံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်သည်။
အဆိုပါ ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် သုတရသ စာအုပ်များကို ကျောင်းသားမိဘများက လေ့လာကြည်ရှုခဲ့ကြသည်။
တင်စိုးလွင်(ပြန်/ဆက်)