ဟနွိုင်း       ဇန်နဝါရီ      ၂

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် စီးပွားဖြစ် ငါးတန်ချိန် ၁ ဒသမ ၇ သန်း   ထုတ်လုပ်ရန်နှင့် ငါးထုတ်ကုန်များ တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံရရှိရန် ရည်မှန်းထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏    ပြောကြားချက်ကို   ကိုးကား၍  ဗီယက်နမ်သတင်းအေဂျင်စီက ဇန်နဝါရီ ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ရေထွက်ပစ္စည်းကဏ္ဍသည် ပြိုင်ဆိုင်မှုပြင်းထန်လာနေသော ဈေးကွက်ကို ပိုမိုကောင်းမွန်စွာတုံ့ပြန် ရန်နှင့်   သွင်းကုန်နိုင်ငံများ၏   တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများနှင့်   နည်းပညာဆိုင်ရာ အကန့်အသတ်များကိုလည်း တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဗီယက်နမ်နိုင်ငံ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဖန်ဒက်တီယန်က ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံအတွက် ငါးများပုံမှန်တင်သွင်းလျက်ရှိသော ဈေးကွက်တစ်ခုဖြစ်သည့် တရုတ်နိုင်ငံ သည် တင်သွင်းမှုတိုးလာဖွယ်ရှိကြောင်း ဗီယက်နမ် သတင်းအေဂျင်စီ၏ အစီရင်ခံစာက ဆိုသည်။

ဗီယက်နမ်နိုင်ငံ၏ ငါးတင်ပို့မှုသည် ၂၀၂၃ ခုနှစ်အတွင်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ဖိုး တင်ပို့ခဲ့ခြင်းကြောင့် ယခင်နှစ်ကထက် ၂၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဗီယက်နမ် အကောက်ခွန်ဌာန ၏အဆိုအရ သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်