နေပြည်တော် ဇန်နဝါရီ ၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၁ ဒသမ ၃၀၈၆)တန် ၊ သစ်မာ (၂ ဒသမ ၇၉၈၈)တန်၊ အခြား (၂၉ ဒသမ ၆၇၂၀)တန်၊ စုစုပေါင်း (၄၃ ဒသမ ၇၇၉၄)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၇) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်