နေပြည်တော် ဇန်နဝါရီ ၃
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ယနေ့ နံနက်၉နာရီတွင် Naypyitaw State Academy သို့သွားရောက်၍ Naypyitaw State Academy အတွင်း တည်ဆောက်ဆဲ စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေး၍ စာသင်ဆောင်များ အရည် အသွေးပြည့်မီရေး၊ အချိန်မီပြီးမြောက်ရေးနှင့် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy စာကြည့်တိုက်ကိုကြည့်ရှုစစ်ဆေးကာ ဘာသာရပ်အလိုက်စာအုပ်များ ပြည့်စုံစွာထားရှိရေးနှင့် အွန်လိုင်းစားကြည့်တိုက်စနစ်တိုးတက်အောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ဆက်လက်၍ တက္ကသိုလ်များပြသမည့် သုတေသနပိုစတာများ၊ သုတေသနပြကွက်များ၊ သုတေသနပြခန်းများပြသရန် လျာထားသည့်နေရာများနှင့် သုတေသနစာတမ်းဖတ်ပွဲ များကျင်းပမည့်အခန်းများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် အားကစားခန်းမနှင့် စာသင်ခန်းများကို လှည့်လည်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဘာသာရပ်အလိုက် ပညာသင်ယူနေမှုများကို လှည့်လည် ကြည့်ရှုအားပေး၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြား နိုင်ရေး အတွက်စီစဉ်ဆောင်ရွက်ရန်၊ ကျောင်းသားကျောင်းသူများ နေထိုင် စားသောက် ရေး၊ သွားလာရေး၊ ပညာသင်ယူရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် Naypyitaw State Academy မှတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက ဝိုင်းဝန်းဖြည့် ဆည်း ဆောင်ရွက်ပေးကြရန်မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်