နေပြည်တော် ဇန်နဝါရီ ၃
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော် မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒိ္ဓအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ လျက်ရှိသည့် ၂၀၂၄ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး၊ လွန်ဆွဲ၊ ထုပ်ဆီးတိုး၊ ဘော်လီဘော အားကစားပြိုင်ပွဲများကို လိုက်လံကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပလျက်ရှိသည့် ဝန်ကြီး ဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှု ၊ လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့်(၃)ကြား၌ ကျင်းပလျက်ရှိသည့် လွန်ဆွဲ (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့်(၃)ကြား၌ ကျင်းပလျက်ရှိသည့် ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲနှင့်ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများ ကိုသွာရောက်ကြည့်ရှုအားပေးခဲ့ပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပလျက်ရှိသည့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကိုလည်း ဆက်လက်သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်