ဇန်နဝါရီ ၅

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်က မိုးကြိုးပစ်မှုများကြောင့်  သေဆုံးသူ ၈၄ ဦးရှိကြောင်းနှင့် အစောပိုင်းနှစ်က မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ ၆၃ ဦးရှိရာ  အစောပိုင်းနှစ်ကသေဆုံးမှုထက် ၃၃ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ထိန်းချုပ်ရေးပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။

အဆိုပါမိုးကြိုးပစ်မှုများကြောင့်  ယမန်နှစ်က ၅၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသားကော်မတီ၏ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ရာသီဉတုဖောက်ပြန်မှုသည် မိုးကြိုးပစ်မှုအကြိမ်အရေအတွက်များပြားလာခြင်း၏ နောက်ကွယ်ကအကြောင်းရင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

မိုးကြိုးပစ်မှုများ၏အန္တရာယ်ကိုရှောင်ရှားရန် ကျေးလက်ဒေသများတွင် နေထိုင်သူများအနေဖြင့် မိုးရွာသွန်းမှုဖြစ်ပွားနေချိန်တွင် နေအိမ်များ သို့မဟုတ် အမိုးအကာများအောက်တွင် နေထိုင်သင့်ကြောင်း ၎င်းကပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် မေလမှအောက်တိုဘာလအထိ မိုးရာသီကာလအတွင်း မိုးကြိုးပစ်မှုများကို မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို