နေပြည်တော်  ဇန်နဝါရီ

 

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် ဇန်နဝါရီ ၁ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့ လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်မှစတင်၍ နေပြည်တော်ကောင်စီရှိ ဝန်ကြီး ဌာနများသို့လည်းကောင်း ရွေ့လျားဆေးကုသယာဉ် (Mobile Medical Units) () စီးဖြင့် လူမှုဖူလုံရေးအကျုံးဝင် အလုပ်သမားများကို အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသပေး လျက်ရှိသည်။

 

လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အကျုံးဝင် အာမခံအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး () ရုံ၊ မြို့နယ်လူမှု ဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီး ဆေးခန်း (၆၀) စာချုပ်ဆေးခန်း (၅၄) ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ်ဆေး ခန်း (၂၃) ခန်း၊ မီးဖွားဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၂)ခန်း၊ တိုင်းရင်းဆေးခန်း()ခန်းတို့ဖြင့် ဝန်ဆောင်မှု ဆောင်ရွက် ပေးလျက်ရှိသည်။   

 

ယနေ့တွင် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်ဖြင့် ရုံးအမှတ်(၂၇)ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ပို့လွှတ်ရေး နှင့်ကွပ်ကဲ ရေး၊ ဖြန့်ဖြူးရေးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းများကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ဝန်ထမ်း(၇၁၀)ဦးကို လိုအပ်သော ဆေးဝါးကုသမှုများ၊ (၂၀၆) ဦးကို ဓာတ်ခွဲစစ်ဆေးမှုများ (၂၅)ဦးကို နှလုံးအတွက် ECG စစ်ဆေးခြင်း များ ဆောင်ရွက်ပေးခဲ့သည်။

 

နေပြည်တော်ကောင်စီရှိ စွမ်းအင်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ရှိ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ဇန်နဝါရီ ၈ ရက်မှ ၁၅ ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)