ညောင်ဦး ဇန်နဝါရီ ၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း Bagan Plastic Campaign အဖွဲ့သားများ၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ သန့်ရှင်းရေးပြုလုပ်နေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် Bagan Plastic Campaign အဖွဲ့သားများက ပုဂံမြို့ဟောင်းရှိ ရွှေဂူကြီးဘုရားခေါ်နန်းဦးဘုရား၊ သဗ္ဗညုဘုရား၊ သံတော်ကြားဘုရား၊ ဂရို့ချိုးဘုရား၊ ပိဋကတ်တိုက်နေရာနှင့် Imformation Centre၊ မဟာဗောဓိဘုရား၊ ဂူပိ စပ်ဘုရား၊ ဗူးဘုရားနှင့်ကန်တော့ပလ္လင်ဘုရား ၊မြင်းကပါကျေးရွာ မြောက်ဘက် မင်္ဂလာစေတီဘုရားကြီးပတ်ဝန်းကျင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေနန်းရင် တောအုတ်ကျောင်းတိုက် အစုအဝေးအတွင်း ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာများ သန့်ရှင်းရေးပြု လုပ်ရာနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးအားပေးစကား ပြောကြားသည်။
ယင်းသို့သန့်ရှင်းရေးပြု လုပ်ရာတွင် Bagan Plastic Campaign အဖွဲ့နှင့်အတူ ညောင်ဦးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ(DMO)အဖွဲ့ ဝင်များ၊ ညောင်ဦးမြို့နယ် အတွင်းရှိဟိုတယ်/မိုတယ်ဝန်ထမ်းများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်အသင်းအဖွဲ့သား များ၊ ခရီးသွားလုပ်ငန်းရှင်အသင်းအဖွဲ့သားများ၊ ဧည့်လမ်းညွှန်အသင်းတို့မှအသင်းဝင်များ မီးပုံးပျံကုမ္ပဏီလေးခုမှဝန်ထမ်းများ၊ ညောင်ဦးခရိုင်/မြို့နယ်ဌာ နဆိုင်ရာဝန်ထမ်း များစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်