နေပြည်တော် ဇန်နဝါရီ ၇

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ခမ်းပတ်မြို့ ကနန်းစံပြကျေးရွာ အမှတ် (၅) ရပ်ကွက်ရှိ   ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးသည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာခေတ်သစ်မှ သတင်းတု၊ သတင်းမှားများကို ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ယနေ့နံနက်ပိုင်းတွင် လေကြောင်းပျံသန်းမှုမရှိကြောင်းသိရှိရပြီး တပ်မတော်က ဗုံးကြဲသည် ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း သိရသည်။

 

ဝါဒဖြန့်လှုံ့ဆော်မှုများ

 

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများသည် သတင်းတု၊ သတင်းမှားများကို အချိန်နှင့်တစ်ပြေးညီ ရေးသားဖြန့်ဝေလျက်ရှိပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဝါဒဖြန့်လှုံ့ဆော်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်