နေပြည်တော် ဇန်နဝါရီ ၈
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ဘွဲ့ကြိုသင်တန်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက်မှ စတင်ကျင်းပလျက်ရှိသည်။
ဖူဆယ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ Scrabble ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ E. Sport ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ပထမနှစ်မှ ပဉ္စမနှစ်အထိ ဘွဲ့ကြိုသင်တန်းအားလုံး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ဖူဆယ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ Scrabble ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ E. Sport ပြိုင်ပွဲများတွင် ကျောင်းသားများသာမက ကျောင်းသူများလည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲများကို ဇန်နဝါရီ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်