ထားဝယ်၊ ဇန်နဝါရီ ၈
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ စီမံဆောင်ရွက်မှုဖြင့် မျက်စိအထူးကု ဆေးရုံကြီး၊ ရန်ကုန်မြို့မှ မျက်စိအထူးကုဆေးအဖွဲ့နှင့် ထားဝယ်ဆေးရုံကြီးမှ မျက်စိဆရာဝန်ကြီးများပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်းရှိ မျက်စိရောဂါ ဝေဒနာရှင်များအား ဇန်နဝါရီ ၁ ရက်မှ ၁၀ ရက်အထိ အခမဲ့စမ်းသပ်ခွဲစိတ် ကုသပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ရဟန်း၊ ရှင်လူ ပြည်သူ မျက်စိရောဂါဝေဒနာ ရှင်များအား ရေတိမ်စမ်းသပ်စက်၊ ပါဝါစမ်းသပ်စက်၊ မျက်စိရောဂါ စမ်းသပ်စက်တို့ဖြင့် မျက်စိအထူးကုဆေးအဖွဲ့၊ မျက်စိဆရာဝန်ကြီးများက အမြင်စမ်းသပ်ခြင်း၊ မျက်တွင်းမှန်တိုင်းခြင်းနှင့် ရေချိန်တိုင်းခြင်းစသည့် စမ်းသပ်စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဇန်နဝါရီ ၁ ရက်မှ ၈ ရက်အထိ မျက်စိရောဂါဝေဒနာရှင် စုစုပေါင်း (၄၄၁)ဦး၊ ခွဲစိတ် လူနာ (၇၅) ဦး၊ လေဆာဖြင့် ကုသသူ (၃) ဦးကို မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး Intra Ocular lens (IOL) မျက်စိအတွင်းထည့် မှန်ဘီလူး (၇၅) ခု အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
သတင်းစဉ်
