ဒါကာ ဇန်နဝါရီ ၉

 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ဇန်နဝါရီ  ၇ ရက်က အငြင်းပွားဖွယ် အထွေထွေရွေးကောက်ပွဲ၌ ပဉ္စမအကြိမ်မြောက် အနိုင်ရရှိခဲ့ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 

မဲရုံတစ်ရုံချင်းစီတိုင်းတွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ တင်းကျပ် စွာချထားပြီး တင်းမာသော အခြေအနေတွင် ဆန္ဒမဲပေးခဲ့ကြရကြောင်း၊ ဂျပန်ရွေးကောက်ပွဲ လေ့လာသူများက ဆန္ဒမဲပေးမှုရာတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိ မရှိ စောင့်ကြည့်ခဲ့ကြကြောင်း သိရသည်။

 

ရွေးကောက်ပွဲရလဒ်များအရ အာဏာရ Awami League (အဝါ မီလိဂ်) ပါတီက အပြတ်အသတ် အနိုင်ရခဲ့သောကြောင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မှု ၁၅ နှစ်နီးပါးရှိသည့် ဟာဆီနာသည် နောက်ထပ် ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်ရန် သေချာသွားခဲ့ခြင်းဖြစ်သည်။

 

အဓိကအတိုက်အခံပါတီဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီသည် ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့သည်။ ယင်းပါတီအနေဖြင့် အောက်တိုဘာလကတည်းက ဆန္ဒပြပွဲများ ဆက်တိုက်ပြုလုပ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းခဲ့သည်။ ခေါင်းဆောင်အများအပြားနှင့် တက်ကြွလှုပ်ရှားသူများလည်း ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ