ဇန်နဝါရီ ၉

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Quang Namပြည်နယ် Dien Banမြို့တွင် ယနေ့မနက် ၁၁ နာရီခန့်က စက်ဘက်ဆိုင်ရာလေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

အဆိုပါလေယာဉ်ပျက်ကျမှုမဖြစ်ပွားမီ လေယာဉ်မှူးနှစ်ဦးသည် လေယာဉ်ပေါ်မှခုန်ထွက်လွတ်မြောက်ခဲ့သည်ဟု သိရသည်။

ထိုလေယာဉ်သည် ဉယျာဉ်တစ်ခုအနီး မြေလွတ်ပေါ်သို့ပျက်ကျခဲ့ရာ လေယာဉ်အပျက်အစီးအပိုင်းအစများထိမှန်မှုကြောင့် ယင်းဉယျာဉ်တွင်အလုပ်လုပ်နေသူတစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။

၎င်းလေယာဉ်ရှေ့ပိုင်းနှင့်နောက်ပိုင်း အပိုင်းအစများကို လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာ မီတာ ၂၀၀ ဝန်းကျင်ခန့်တွင် တွေ့မြင်နိုင်ကြောင်း VnExpress က ဖော်ပြထားသည်။

ယင်းလေယာဉ်သည် ဒါနင်းမြို့လယ်ပိုင်းမှပျံတက်ခဲ့ပြီး  လေ့ကျင့်ပျံသန်းနေစဉ်အတွင်း မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို