ဒါကာ ဇန်နဝါရီ ၉
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အာဏာရပါတီနှင့် အတိုက် အခံပါတီများအကြား ထိပ်တိုက်တွေ့ဆုံမှု ပြင်းထန်လာဖွယ်ရှိပြီး နိုင်ငံရေးမတည်ငြိမ်မှုများနှင့် လုံခြုံရေးအခြေအနေ ဆိုးရွားသည်အထိ ဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာသူများက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တနင်္ဂနွေနေ့က ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံပါတီက သပိတ်မှောက်ထားသည်။ ဝန်ကြီးချုပ် ဟာဆီနာဦးဆောင်သော အာဏာရ ပါတီက နေရာအများစု ကို အနိုင်ရရှိခဲ့ကြောင်း နိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။
ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတကြောင်းနှင့် လာမည့် ငါးနှစ်အတွက် အရေးကြီး သည်မှာ နိုင်ငံ၏ စီးပွားရေးအား မြှင့်တင်ရန် ဖြစ်ကြောင်း ဟာဆီနာက ပြောသည်။ မဲမသမာမှု များနှင့် အာဏာရပါတီကို ဆန့်ကျင်သည့်အနေဖြင့် ပြင်းထန်သောဆန္ဒပြပွဲများ ပြုလုပ်မည်ဖြစ် ကြောင်း အဓိကအတိုက်အခံပါတီက ပြောကြားထားပြီး ဟာဆီနာက အတိုက်အခံ ခေါင်းဆောင် များနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းကာ တုံ့ပြန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ကမ္ဘာတွင် အလွန်ဆင်းရဲသည့်နိုင်ငံများ အနက် စီးပွားရေးလျင်မြန်စွာတိုးတက်လာသော နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ပြောင်းလဲခဲ့သည်။ အတိုက်အခံတက်ကြွလှုပ်ရှားသူ ၁၀၀၀၀ နီးပါးနှင့် အခြားသူများကို ဖမ်းဆီးထိန်းသိမ်းထားပြီး ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ဝေဖန်ထားသည်။
အင်န်အိတ်ချ်ကေ