ဂါဇာ ဇန်နဝါရီ ၉

အစ္စရေးတပ်ဖွဲ့ဝင်များသည် အိမ်နီးချင်းနိုင်ငံတွင်   ၎င်းတို့၏ ထိုးစစ်ကို အရှိန်မြှင့်တင်လျက် ရှိသောကြောင့်  အစ္စရေးတို့၏ တိုက်ခိုက်မှုတွင် အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး  သေဆုံးခဲ့ကြောင်း လက်ဘနွန်အခြေစိုက်   ရှီးယား စစ်သွေးကြွအုပ်စု ဟစ်ဇ်ဘိုလာတို့ က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားလိုက်သည်။

နိုင်ငံမြောက်ပိုင်းတွင် တပ်ဖွဲ့ဝင်များနှင့်  တွေ့ဆုံလျက်ရှိသော အစ္စရေးဝန်ကြီးချုပ်   ဘင်ဂျမင် နေတန်ယာဟုက ဟစ်ဇ်ဘိုလာတို့ သည် ဆိုးရွားသည့် အမှားတစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။

အစ္စလာမ္မစ်အုပ်စုများကို ဆန့်ကျင်သည့် စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်ရန် စိတ်ပိုင်း ဖြတ်ထားကြောင်း အစ္စရေးဝန်ကြီး ချုပ်က  ၎င်း၏  ဆုံးဖြတ်ချက်ကို ဖော်ပြခဲ့သည်။ အစ္စရေး လုပ်သမျှတိုင်းသည်  မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးကို ပြန်လည်ထိန်းသိမ်းရန်အတွက်သာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အစ္စရေးစစ်ဘက်၏    စစ်ဆင်ရေးများ    ချဲ့ထွင်လာခြင်းသည် ဂါဇာကမ်းမြောင်ဒေသရှိ   တိုက်ပွဲ များကို အရှိန်မြှင့်နိုင်စေပြီး ဒေသတွင်းပဋိပက္ခကို ပိုမိုကျယ်ပြန့်လာမည့်အပေါ် စိုးရိမ်မှုများ မြင့်တက် လာစေသည်။

အစ္စရေးတို့၏  မြေပြင်ဝေဟင် ထိုးစစ်များကို   ဂါဇာကမ်းမြောင် ဒေသတွင် ဇန်နဝါရီ  ၈  ရက်က ဆက်လက်လုပ်ဆောင်လျက်ရှိ သည်။

အစ္စရေးစစ်ဘက်က ခန်ယွန် နစ်မြို့တောင်ပိုင်းရှိ  ဟားမားစ်တို့၏   လက်နက်သိုလှောင်ရုံများ အပါအဝင် အဆောက်အအုံပေါင်း ၃၀ ခန့်ကို ပစ်မှတ်ထားခဲ့ကြောင်း ကြေညာခဲ့သည်။ အစ္စရေး စစ်ဘက်က     အစ္စလာမ္မစ်အုပ်စုတိုက်ခိုက် ရေးသမားများကို   သုတ်သင်ခဲ့ကြောင်း ထပ်မံ ပြောကြားခဲ့သည်။

ဂါဇာအလယ်ပိုင်းရှိ   မာဂါဇီ ဒုက္ခသည်ခိုလှုံရေးစခန်းလည်း ဗုံးဒဏ်ကို  ဆိုးရွားစွာကြုံတွေ့ခဲ့   ကြောင်း ဒေသတွင်း ပါလက်စတိုင်းမီဒီယာက ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတို့၏  တိုက်ခိုက်မှုတွင် ပါလက်စတိုင်း ၂၄၉ ဦး  သေဆုံးမှု အပါအဝင် စုစုပေါင်းပါလက်စတိုင်း သေဆုံးသူဦးရေမှာ ယခုအခါတွင် ၂၃၀၈၄ ဦးအထိ   ရှိလာပြီဖြစ် ကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေး   အာဏာပိုင်များက ဇန်နဝါရီ  ၈  ရက်က   ပြောကြားခဲ့သည်။                 

အင်န်အိတ်ချ်ကေ