ဇန်နဝါရီ ၁၀
နယူးဇီလန်နိုင်ငံ၏နွေရာသီ အပူချိန်သည် လွန်ခဲ့သောသုံးနှစ်အတွင်း စံချိန်တင်မြင့်မားခဲ့ခြင်းဖြစ်ရာ ၂၀၂၃ ခုနှစ်သည် ဒုတိယအကြိမ်မြောက် အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည်ဟု သိပ္ပံပညာရှင်များက ယနေ့တွင် ပြောကြားသည်။
၂၀၂၂ ခုနှစ်သည် နယူးဇီလန်နိုင်ငံ၏အပူနွေးဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ကြောင်း ရေထုနှင့်လေထုသုတေသနအဖွဲ့ မိုးလေဝသပညာရှင် Tristan Meyers က လွန်ခဲ့သောလက ပြောကြားသည်။
ကမ္ဘာလုံးဆိုင်ရာရာသီဉတုသိပ္ပံပညာရှင်များက ၂၀၂၃ ခုနှစ်သည် အပူနွေးဆုံးဖြစ်ရာ ၂၀၂၄ ခုနှစ်တွင်လည်း ပိုမိုပူနွေးနိုင်ကြောင်း ပြောကြားသည်။
၂၀၂၂ ခုနှစ်သည် ၂၀၂၃ ခုနှစ်ကထက် ပိုမိုပူနွေးခဲ့ရာ ၂၀၂၂ ခုနှစ်သည် လက်ရှိအချိန်အထိ နယူးဇီလန်နိုင်ငံ၏အပူဆုံးနှစ်အဖြစ် ရပ်တည်နေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို