ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့ တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူ ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ  ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ မင်္ဂလာကန်တော်စိမ်းလန်း စိုပြည် ရေးနှင့်သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုအားသွားရောက် ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည်  ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်ဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်အဝင် အဓိပတိ(၁)လမ်းနှင့် အဓိပတိ(၂)လမ်းကြား ရေကန်အား ပြန်လည်ပြုပြင်ရန်၊ ကန်ပတ်ဝန်းကျင်စိမ်း လန်းစိုပြေစေရေး ပန်းအလှပင်များစိုက်ပျိုး ရန်နှင့် တက္ကသိုလ်အားကစားကွင်းပြေး လမ်းပေါ်ရှိမြက်များရှင်းလင်းပြီး စက်ယန္တရား များဖြင့်မြေညှိပြုပြင်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည်  ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ဝင်းအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ သန့်ရှင်းလတ်ဆတ်သော အစားအစာ များ စားသုံးနိုင်စေရန်နှင့် စျေးနှုန်းချိုသာစွာ ဝယ်ယူအားပေးနိုင်ရန် ရွေ့လျားစျေးကား (Mobile Market)  စနစ်ဖြင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ စားအုန်းဆီနှင့်ကြက်ဥများ စျေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုနောက် မြို့တော်ဝန်နှင့်အဖွဲ့သည်  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်  (၇) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းနှင့် ရန်ကုန်-ပုသိမ်လမ်းဆုံရှိ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာန၊ ဘုရင့်နောင်ပန်းခြံသို့ သွားရောက်၍ ပန်းခြံဧရိယာအတွင်း စိမ်းလန်းစိုပြည် ရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် မြေယာရှုခင်း ပြုပြင်ဆောင်ရွက်နေမှု၊ ပန်းခြံ တိုးချဲ့နိုင်ရန်အတွက် ပန်းခြံနှင့် ဆက်စပ်နေသည့် ကုက္ကိုဝရေပေးဝေရေးစီမံကိန်း၊ ဇုန်အ မှတ်(၉) မြေနေရာအတွင်း မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းပြီး မြေညှိပြုပြင် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည်   လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ၄ ရပ်ကွက်၊ ဘုရင့်နောင်တံတားအောက် သို့သွားရောက်၍ ပန်းခြံ တည်ဆောက်ရေး လုပ်ငန်းတွင် စင်ကာပူချယ်ရီ၊ အုန်းချိုမွှေး၊ ပေါ်လိုနီးယားနှင့်ခရေပင်များ စိုက်ပျိုးထားမှု၊ ယိုးဒယာဘဲစားမြက်များစိုက်ပျိုးထား မှုသခင်မြပန်းခြံတွင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်