နေပြည်တော် ဇန်နဝါရီ ၁၁
မြန်မာနိုင်ငံရှိ ရေသယံဇာတအရင်းအမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံသည် မြေပေါ်မြေအောက် ရေသယံဇာ တအရင်းအမြစ်ပေါကြွယ်ဝသော်လည်း ရေအရင်းအမြစ်ကြွယ်ဝမှုနှင့် တည်ရှိမှုအခြေ အနေသည် နေရာဒေသလိုက်၍ ကွဲပြားခြားနားမှု ရှိနေပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ရေရှားပါးမှု အခက်အခဲများ ဖြေရှင်းခြင်းနှင့် အရေးပေါ်ရေလိုအပ် ချက်ရှိသည့် ဒေသများတွင် အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ၊ ရေသယံဇာတ အရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့အစည်းအဝေးတက် ရောက်လာသူများက အကြံပြုဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ ရေသယံဇာတ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရန် လိုအပ်သော ထိန်းသိမ်းစောင့်ရှောက်မှုများဆောင်ရွက်နိုင်ရန် ရေဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ကြီးဌာန၊ မြစ်ဝှမ်းဒေသအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ Myanmar National Water Policy အပေါ်အခြေခံ၍ နိုင်ငံ(၁၀)နိုင်ငံမှ ရေနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့ အစည်းများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား စံနမူနာထားလေ့လာပြီး မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်တည်ရှိမှု၊ သုံးစွဲမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်