မကွေး ၂၃ ဖေဖော်ဝါရီ
မကွေးမြို့၌ နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် မြသလွန်စေတီတော်၊ မြို့မဈေး (မကွေး)၊ ဗိုလ်ချုပ်ပန်းခြံ၊ မကွေး(၁၉)လမ်းရှိ ပန်းပဲဖိုများသို့ သွားရောက်လည်ပတ်ရာတွင် မကွေးမြို့ရှိ တူညီဝတ်စုံဖြင့် ဝန်ဆောင်မှုပေးနေသော ဆိုက်ကားများနှင့် လည်ပတ်ကြသည်။

ထို့ပြင် ခရီးသွားဧည့်သည်များသည် မန်းရွှေစက်တော်၊ နဂါးပွက်တောင်၊ ကျောင်းတော်ရာ၊ စလင်းဝက်သည်းကန်၊ ကွေ့ချောင်းနှင့် မင်းလှခံတပ်၊ ဗိသာနိုးယဉ်ကျေးမှုနယ်မြေ၊ ရေနံချောင်း ဆားလည်ဒေသ ပုဂံခေတ်နှောင်းပိုင်းနှင့် ပင်းယ-အင်းဝခေတ်မှ နံရံဆေးပန်းချီ စသည့် နေရာဒေသများသို့ သွားရောက်လည်ပတ်ကြသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ၌ မကွေးမြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၂၀၅၅ ဦး လာရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း ညအိပ်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည် ၁၅၁၈၀ နှင့် နေ့ချင်းပြန်လာရောက်သည့် နိုင်ငံခြားသားဧည့်သည် ၁၆၀ဝ၀ ကျော်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
