နေပြည်တော်၊ ဇန်နဝါရီ ၁၂

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဇန်နဝါရီ ၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌
တရားမဝင် အခြားသစ် (၅ ဒသမ ၀၈၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅,၇၄၀)နှင့် မြန်အောင်ခရိုင်၊ အင်္ဂပူ မြို့နယ်၌ တရားမဝင် အခြားသစ် (၃ ဒသမ ၇၄၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၂,၀၃၈)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၇,၇၇၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

ထို့ပြင် ဇန်နဝါရီ ၉ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာ၊ မြိုင်သာယာတံတားအနီး၌ မြစ်ကြီးနားမြို့မှ အင်းတော်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် (၇၅၀) ၊(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Foton Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၈၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဇန်နဝါရီ ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် Wonder Cat ကြောင်စာ ကီလိုဂရမ် (၁၅၀၀) အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၉၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၉၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၀ ရက်တွင် သာယာဝတီ ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(၀ ဒသမ ၆၇၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁,၂၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ပဲခူးမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Fuso Canter မော်တော်ယာဉ် (၃)စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ဇန်နဝါရီ ၁၁ ရက်တွင် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် နတ္တလင်းခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်(၆ ဒသမ ၃၇၄)တန်၊ သစ်မာ (၃ ဒသမ ၇၀၈)တန်၊ အခြားသစ် (၁၂ ဒသမ ၇၃၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၉၁၉,၉၄၆)ကို သစ်တောဥပဒေ အရလည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် YOOKO စားပွဲတင် ပန်ကာ လုံး (၁၃၇၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃,၇၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် MAN Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၂၉၆)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၆,၁၆၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇,၀၈၇,၃၀၆)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဇန်နဝါရီ ၁၁ ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် မော်လမြိုင်မြို့နယ်၊ ဇော်ကုန်းကျေးရွာ၊ ဇော်ကုန်းဘုန်းကြီးကျောင်းအနီး၌ ဘုရားသုံးဆူ-သံဖြူဇရပ်-မော်လမြိုင်
ကားလမ်းအတိုင်း မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စပျစ်သီးခြင်း  (၈၀) အပါအဝင် ကုန်ပစ္စည်း(၁၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃,၅၉၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၅၉၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်၍ ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၈,၀၄၅,၀၈၄)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ မှသိရသည်။

(သတင်းစဉ်)