နေပြည်တော် ဇန်နဝါရီ ၁၂

 

“၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့်  ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲ ဝင် အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမား များ တက်ရောက်ကြသည်။

 

ဦးစွာ ၂၀၂၃-၂၀၂၄  ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ အသင်းလိုက်ဗိုလ်လုပွဲစဉ်အဖြစ် ကချင်ပြည်နယ် အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက (၅၂) ကီလိုတန်း အောက် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။

 

ယင်းနောက် ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးဇင်မင်းထက်၊ ဦးမျိုးလှိုင်၊ ဒေါက်တာ မျိုးသန့်၊ ဦးမြင့်စိုးနှင့် ဦးအောင်ကျော်ထွန်း တို့က (၆၆) ကီလိုတန်းအောက် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ကြသူများကိုလည်းကောင်း၊ (၅၇) ကီလိုတန်းအောက် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူ များကိုလည်းကောင်း၊ (၇၃) ကီလို တန်းအောက် အမျိုးသား တစ်ဦး ချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ  ဆုရရှိကြသူများကို လည်းကောင်း၊ (၆၃) ကီလိုတန်း အောက် အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်း ကောင်း၊ (၇၃) ကီလိုတန်းအထက် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ကြသူများကိုလည်းကောင်း ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် Jeng Phang နော်တောင်နှင့်  ဦးမင်း သိန်းဇံတို့က (၆၃) ကီလိုတန်း အထက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ကြသူများကို  လည်းကောင်း၊ အမျိုးသမီး “ခတ” ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ကြသူများကိုလည်းကောင်း ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်းတို့က အမျိုးသား “ခတ” ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ကြသူများကို လည်းကောင်း၊ အမျိုးသား/အမျိုးသမီး အသင်း လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က အမျိုးသမီးအကောင်းဆုံး  အားကစား သမားဆုနှင့် အမျိုးသားအကောင်းဆုံး အားကစား သမားဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသမီး တံခွန်စိုက်ဆုဖလားနှင့် အမျိုးသား တံခွန်စိုက် ဆုဖလားရရှိသည့် ကချင်ပြည်နယ်အသင်းကို တံခွန် စိုက်ဆုဖလား  ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းက စုပေါင်း တံခွန်စိုက် ဆုဖလားရရှိသည့် ကချင်ပြည်နယ်အသင်းကို တံခွန် စိုက်ဆုဖလား ပေးအပ်သည်။

 

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို မျိုးဆက်သစ် အားကစားသမားများ  ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အမျိုးသား အသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၄ သင်း အားကစားသမားအင်အား စုစုပေါင်း ၂၆၆ ဦးဖြင့် ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်