နေပြည်တော်ဇန်နဝါရီ ၁၂
စင်္ကာပူနိုင်ငံတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သည့် 5th Anti-Corruption Executive Programme သင်တန်းသို့ တက်ရောက်ခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ အရာထမ်းတစ်ဦးက ပြည်ပသင်တန်း အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
အတွေ့အကြုံရှင်းလင်းပွဲသို့ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့်မြင့် အရာရှိကြီးများနှင့် ကော်မရှင်ရုံးရှိ အရာထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ပြည်ပနိုင်ငံများသို့ သင်တန်းများတက်ရောက်ရာ၌ သင်ခန်းစာများအား သေချာစွာ လေ့လာသင်ယူရန် လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများ၏ကောင်းမွန်သည့် အလေ့အထများကို အတုယူ၍ ကြိုးစားလေ့လာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်း တက်ရောက်ရာတွင် ဝင်ရောက်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းနှင့်မိမိ၏ထင်မြင်ယူဆချက်များကို တင်ပြနိုင်သည့် အရည်အချင်းများရှိရန်အတွက် ကြိုးစားလေ့လာကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်သော်နိုင်က 5th Anti-Corruption Executive Programme သင်တန်းမှသင်ကြားပို့ချခဲ့သည့် စင်္ကာပူနိုင်ငံ၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် Asset Recovery ကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကောင်းမွန်သောအလေ့အကျင့်များ၊ နည်းပညာသစ်များ၊ အများပြည်သူဆိုင်ရာကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ကို ရှင်းလင်းတင်ပြရာ ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပြီး ကော်မရှင်အတွင်းရေးမှူးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


