နေပြည်တော် ဇန်နဝါရီ ၁၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ရေထွက် ကျေးရွာရှိ မစောနန်းဌေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မစိုးစိုးဌေး၊ မမာမာ(ခ) ဝါဝါဦးတို့အား တွေ့ရှိပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၂၇၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နမ့်စန်မြို့နယ်၊ နမ့်မော် ခေါက်ဆင့် ကျေးရွာအနီးတွင် ကျော်ကျော်လင်း(ခ)စိုင်းရွက်လူ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ အိုက်စ် ၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
(သတင်းစဉ်)