ရန်ကုန် ဇန်နဝါရီ ၁၄

 

စာတက်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့က ကြီးမှူးကျင်းပသည့် နိုင်ငံတော်က ချီးမြှင့်သော အမျိုးသားစာပေတစ်သက်တာဆု၊ ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဇီဝီတဒါန သံဃာ့ဆေးရုံကြီး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် စာတတ်မြောက်ရေးနှင့် ဒေသဖွံဖြိုးမှုကူညီရေးအဖွဲ့ဥက္ကဌ ဉီးမျိုးသန့်က အဖွင့်နှုတ်ခွန်း ဆက်စကား ပြောကြားသည်။

    

ထို့နောက် ဆရာမကြီး ဒေါ်ရွှေကူနန်းနွဲ့နွဲ့ ကမင်္ဂလာတေးထပ်ဖြင့် ဂုဏ်ပြုသီဆိုပြီး၊ စာတက် မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ ဒုတိယဥက္ကဌ ဆရာကြီး ဦးအောင်ကြည်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းအတွင်းရေးမှူး မောင်ငြိမ်းသူ (ကြို့ပင်ကောက်)တို့က နိုင်ငံတော်က ချီးမြှင့်သော ဆုရရှိသူပုဂ္ဂိုလ်များ၏ အထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားကြသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ၀န်ကြီး ဦးဇော်၀င်း၊ စာတက်မြောက် ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ဥက္ကဌ ဦးမျိုးသန့်နှင့် တာ၀န်ရှိသူများက ဂုဏ်ပြုခံဆရာကြီး၊ ဆရာမကြီများအား အမှတ်တရဂုဏ်ပြု လက်ဆောင်များပေးအပ်ကြသည်။

 

ဆက်လက်၍ ဂုဏ်ပြုခံဆရာမကြီးများ ဖြစ်ကြသည့်ဆရာမကြီး ဒေါ်ပို၊ ဆရာမကြီး ဒေါ်မြမြ၀င်းတို့က သြဝါဒစကား ပြောကြားကြသည်။  ယနေ့ အခမ်းအနားတွင် စာတက်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်မှ သိပ္ပကျော်စွာဘွဲ့ ချီးမြှင့်ခြင်းခံရသော အသုံးလုံးဖခင်ကြီး ဦးသံဗျင်၊ ၀ဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံရသော နာယကကြီး ဒေါက်တာ ဦးသန်းဦး (၂၀၂၂ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုရှင်)၊ လူမှုထူးချွန်ဆု (ပထမဆင့်) ရရှိကြသော နာယက ပါမောက္ခဆရာမကြီး ဒေါက်တာဒေါ်ပို၊ ပါမောက္ခဆရာမကြီး ဒေါ်မြမြ၀င်း၊ ဒုတိယဥက္ကဌ ဒေါက်တာမြင့်သိန်း၊ ပထမဆုံး အသုံးလုံးလုပ်အားပေး ကျောင်းသားဟောင်း ဆရာကြီး ဦးသန့်ရှိန်တို့အား ဂုဏ်ပြုချီးမြှင့်ခဲ့​ကြကြောင်း သိရသည်။

ကိုကိုဇော်-သတင်းစဉ်