ခါတွန်  ဇန်နဝါရီ  ၁၆

 

ဆူဒန်နိုင်ငံ၌ ၂၀၂၃ ခုနှစ် ဧပြီလမှစကာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (အက်စ်အေအက်ဖ်) နှင့် အာအက်စ်အက်ဖ် လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လူပေါင်း ၇ ဒသမ ၄ သန်းကျော် ပြည်တွင်း ပြည်ပသို့ နေရာပြောင်းရွှေ့ခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (အိုစီအိတ်ချ်အေ) က ဇန်နဝါရီ ၁၄ ရက်က ပြောကြားသည်။

 

ဆူဒန်၌ ပြီးခဲ့သည့်လက နေရာပြောင်းရွှေ့ရသူ အရေအတွက်မှာ ၆၁၁၀၀၀ ခန့်ရှိရာမှ ယခု တိုးလာခြင်း ဖြစ်ကြောင်း သိရသည်။ နိုင်ငံ၏ ကောက်ပဲသီးနှံထွက်ရှိသည့် ဒေသများဖြစ်သည့် နိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အဆိုပါအဖွဲ့နှစ်ခုအကြား တိုက်ပွဲဖြစ်ပွားမှု မြင့်တက်ခြင်းကြောင့် လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များ သိသိသာသာတိုးလာကြောင်း သိရသည်။

 

၂၀၂၄ ဆူဒန်လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များနှင့် တုံ့ပြန်မှု စီမံချက်အယူခံမှာ ဇန်နဝါရီ ၁၄ ရက်အထိ ၃ ဒသမ ၁ ရာခိုင်နှုန်းသာ ထောက်ပံ့ခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောကြားသည်။

 

ဆူဒန်နိုင်ငံ၌ ပြီးခဲ့သည့်နှစ် ဧပြီ ၁၅ ရက်မှစကာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (အက်စ်အေအက်ဖ်) နှင့် အာအက်စ်အက်ဖ် အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ လူပေါင်း ၁၂၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောသည်။

 

ဆင်ဟွာ