ဆော်ပိုလို ဇန်နဝါရီ ၁၆
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ရီယိုဒီဂျနေးယိုးမြို့တွင် မကြားသေးမီက တိုက်ခတ်သည့် မုန်တိုင်းကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် လူ ၁၁ ဦးထက်မနည်း သေဆုံးကြောင်း ဒေသတွင်းအာဏာပိုင်များက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားသည်။
အဆိုပါ မုန်တိုင်းမှာ ဇန်နဝါရီ ၁၄ ရက်အစောပိုင်းက မြို့တော်မြောက်ပိုင်း ဒေသများအပြင် အနီးအနားရှိ နီတာရို၊ ဒူကီဒီကာဆက်၊ ဘယ်ဖို့ရော့ဇိုနှင့် စီရိုဂျိုးဒီ မာရီတီမြို့တို့တွင်လည်း တိုက်ခတ်ခဲ့ကြောင်းသိရသည်။ ရေကြီးမှုကြောင့် ရာနှင့်ချီသည့်ပြည်သူများ နေရာများမှ ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရကြောင်း မီးသတ်ဌာနက ပြောသည်။
မြို့တော်ဝန် အကွာဒိုပါ့စ်က ရေကြီးမှုကြောင့် ဘေးသင့်ပြည်သူများကို စောင့်ရှောက်ရန် အရေးပေါ် အခြေအနေတစ်ရပ် ကြေညာခဲ့သည်။
ဆင်ဟွာ