ပန်ဆောင် ဇန်နဝါရီ ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၅ ရက်က နာဂရိုးရာကွင်း၌ ကျင်းပခဲ့သည်။

 

အခမ်းအနားကို အဖွင့်ဆုတောင်း ဆက်ကပ်ခြင်းနှင့် ရိုးရာသီချင်းဖြင့် ဖွင့်လှစ်ပြီး နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု နာယက ဦးဇင်းဝမ်က နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

 

ယင်းနောက် နာဂရိုးရာ တိုင်းရင်းသားများက ရိုးရာသီချင်းများဖြင့် ဖျော်ဖြေသီဆိုကြသည်။ ထို့နောက် နာဂရိုးရာ အကများ၊ သီချင်းများနှင့် ကပြဖျော်ဖြေပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

 

ဂျာယော်(ပန်ဆောင်)