တိုကျို ဇန်နဝါရီ ၁၇  

ဂျပန်နိုင်ငံအလယ်ပိုင်း အီရှီကာဝါစီရင်စုနယ်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ယနေ့ အထိ သေဆုံးသူ ၂၃၂ ဦး ရှိလာကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက အတည်ပြုပြောကြားသည်။

အီရှိကာဝါစီရင်စုနယ်အစိုးရ၏အဆိုအရ နိုတိုကျွန်းဆွယ်ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရသည့်ဒေသတစ်ခု ဖြစ်သော ဝါဂျီမာမြို့တွင် သေဆုံးသူ ၁၀ ဦး ထပ်မံရှာဖွေတွေ့ရှိခြင်းနှင့်အတူ သေဆုံးသူဦးရေ ထပ်တိုး လာရခြင်းဖြစ်ကြောင်း ယနေ့ဒေသစံတော်ချိန်နံနက် ၉ နာရီအထိ ရရှိသည့်ကိန်းဂဏန်းများအရ သိရ သည်။

ငလျင်ဒဏ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ချက်ချင်းဆိုသလို ကြီးမားသောပျက်စီးဆုံးရှုံးမှု များနှင့် ကြုံတွေ့ခဲ့ရသည့်ထင်ရှားသည့် ခရီးသွားနေရာတစ်ခုဖြစ်သော ဝါဂျီမာနံနက်ဈေး (Wajima Morning Market) အနီးဝန်းကျင်တွင် အဆိုပါသေဆုံးသူများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသ ဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။

Wajima Morning Market သည် ပြီးခဲ့သည့်သီတင်းပတ်ကတည်းက အကြီးစားရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ အဓိကဆောင်ရွက်လျက်ရှိရာ ဒေသဖြစ်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ