ပွင့်ဖြူ   ဇန်နဝါရီ    ၁၈

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲနောက်သီးနှံ စိုက်ပျိုးခြင်းကို ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် တစ်မြို့နယ်လုံး ပဲနောက် သီးနှံ ၄၁၇ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲနောက်သီးနှံဧက ၄၁၈ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက အောက်တိုဘာလကစပြီး စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးမှု ၄၁၇ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့ ရည်ရွယ်ပြီး ပဲနောက်သီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး စိုက်ဧက ၄၁၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာ ယနေ့အထိ စိုက်ဧက ၄၁၇ ဧက စိုက်ပျိုးပြီးပြီ ဖြစ်ပါတယ်။  ပဲနောက်သီးနှံစိုက်ပျိုးခြင်းကိုတော့ အောက်တိုဘာလ ဒုတိယပတ်လောက်ကစပြီး စိုက်ပျိုးခဲ့ကြတာပါ။ ကျွန်မတို့ဒေသမှာ နှစ်စဉ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေက ဈေးကွက်ရှိတဲ့ ပဲနောက် ၊ ပဲကြီး ၊ မတ်ပဲ ၊ ပဲကြား ၊ ပဲလွမ်း ၊ စားတော်ပဲ ၊ ပဲယင်း၊ ထောပတ်ပဲ၊ ပဲပုတ် စတဲ့ ပဲမျိုးစုံသီးနှံများကို အဓိက စီးပွားဖြစ်စိုက်ပျိုးကြပါတယ်။ ဆောင်းသီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သီးနှံအထွက်နှုန်းများ တိုးတက်ကောင်းမွန်ဖို့အတွက် ဒေသခံတောင်သူတွေကို  ကွင်းဆင်းကြီးကြပ်ပြီး စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ ထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီများတွင် သီးနှံဝင်ငွေတိုးပွားစေရန် အတွက် ဈေးကွက်ရှိသည့် ပဲနောက် ၊ ပဲလွမ်း ၊ ပဲကြီး ၊ ပဲကြား ၊ ကုလားပဲ ၊ စားတော်ပဲ ၊ ပဲယင်း ၊ ထောပတ်ပဲ ၊ ပဲပုတ် စသည့် ပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ပဲမျိုးစုံသီးနှံ စိုက်ဧက ၃၉၆၄၉ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ပဲမျိုးစုံသီးနှံစိုက်ဧက ၅၉၃၅၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)