ကိုလံဘို     ဇန်နဝါရီ    ၁၇

သီရိလင်္ကာနိုင်ငံ ဗဟိုပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်အဖွဲ့ (စီအီးအေ) က လေထုအရည်အသွေး ကျဆင်းမှုကြောင့် နှာခေါင်းစည်းတပ်ဆင်ကြရန် နိုင်ငံအတွင်းရှိ ခရိုင်ငါးခုမှ ပြည်သူများအား ဇန်နဝါရီ ၁၇ ရက်တွင် အကြုံပြုတိုက်တွန်းထားသည်။

ကိုလံဘို၊ ဂဲယ်လီ၊ ဂျက်ဖ်နာ၊ မန်းနာနှင့် ဘတ်တီး ကာလိုအာခရိုင်များမှ  ဒေသခံပြည်သူများ  အထူး သဖြင့် နာမကျန်းဖြစ်သူနှင့် အသက်အရွယ်ကြီးရင့် သူများအနေဖြင့် နေအိမ်ပြင်ပတွင် နှာခေါင်းစည်း တပ်ဆင်ကြရန် စီအီးအေ၏ မီဒီယာပြောရေးဆိုခွင့်ရှိသူ အဂျစ်ဝီးရာဆန်ဒရာက တိုက်တွန်း ထားသည်။

သီရိလင်္ကာနိုင်ငံရှိ      လေထုအရည်အသွေးမှာ လေကြောင်းတိုက်ခတ်မှုပုံစံ       ပြောင်းလဲမှသာ တိုးတက်ကောင်းမွန်မှုရှိလာဖွယ်ရှိကြောင်း ၎င်းက  ဆက်ပြောသည်။       လက်ရှိလေထုညစ်ညမ်းမှု ကို ညွှန်ပြသော လေထုအရည်အသွေးအညွှန်းကိန်း (အေကျူအိုင်)မှာ သီရိလင်္ကာနိုင်ငံအတွင်းရှိ ခရိုင် အများအပြား၏ လေထုအရည်အသွေးမှာ ကျန်းမာရေးနှင့် မညီညွတ်သောအဆင့်တွင်ရှိကြောင်း ပြသနေသည်ဟု စီအီးအေက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောသည်။         

ဆင်ဟွာ