ဒိုဟာ ဇန်နဝါရီ ၁၇
ဂါဇာဒေသမှ အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများနှင့် ဆေးပစ္စည်းများကို ကာတာနိုင်ငံက ဇန်နဝါရီ ၁၇ ရက်တွင် ပေးပို့ခဲ့သည်။ အဆိုပါ ဆေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို အီဂျစ်နိုင်ငံမှတစ်ဆင့် ဂါဇာကမ်းမြောင် ဒေသသို့ပေးပို့သွားမည်ဟု ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
အီဂျစ်နိုင်ငံ အယ်-အာရှစ် မြို့သို့ အကူအညီများရောက်ရှိမည်ဟု ကာတာသတင်း အေဂျင်စီ တွင်ဖော်ပြထားသည်။ ကာတာ နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့၏ ပူးတွဲ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ထိခိုက်ခံစားနေရသူ အရပ်သားများနှင့် အစ္စရေးတို့ ဖမ်းဆီးထားသူများ အတွက် ဆေးဝါးနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ် မည်ဖြစ်သည်။
ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဂါဇာ ပဋိပက္ခ အဆုံးသတ်နိုင်ရေးနှင့် ဆေးဝါးအပါအဝင်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့နိုင်ရေး ကာတာနိုင်ငံက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မဂျက်အယ်-အန်စရီ က ပြောသည်။
ဆင်ဟွာ