ဇန်နဝါရီ ၁၈
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်က ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် သေဆုံးသူပေါင်း ၁၅၉၀ ရှိရာ ၂၀၂၂ ခုနှစ်က ယာဉ်မတော်မှုများကြောင့် သေဆုံးသူ ၁၇၀၉ ဦးရှိသဖြင့် သေဆုံးမှု ခုနစ်ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ဖော်ပြထားသည်။
အဆိုပါယာဉ်မတော်တဆမှုများကြောင့် ၂၀၂၃ ခုနှစ်က ဒဏ်ရာရရှိသူ ၄၅၁၅ ဦးရှိရာ အစောပိုင်းနှစ်က ယာဉ်မတော်တဆမှုများကြောင့် ၄၀၂၆ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ဒဏ်ရာရရှိမှု ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်က ယာဉ်မတော်တဆဖြစ်ပွားမှု ၃၃၁၇ ခုရှိရာ ၂၀၂၂ ခုနှစ်က ယာဉ်မတော်တဆဖြစ်ပွားမှု ၂၉၇၆ ခုရှိသဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှု ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု သိရသည်။
ထိုယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် နေ့စဉ် သေဆုံးသူ လူလေးဦးထက်မနည်းရှိပြီး ဒဏ်ရာရရှိသူ ၁၂ ဦး ရှိသည်ဟု ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီးက ဆိုသည်။
ယင်းသေဆုံးသူများတွင် ရှစ်ရာခိုင်နှုန်း မော်တော်ဆိုင်ကယ်စီးနင်းသူများဖြစ်ပြီး ၎င်းတို့အနက် ၇၃ ရာခိုင်နှုန်းသည် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်းမရှိပဲ ဆိုင်ကယ်စီးသူများဖြစ်သည်ဟု ၎င်းကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို