နေပြည်တော်၊ ဇန်နဝါရီ ၁၈
စစ်ကိုင်း တိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်တွင် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံ အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်ရှစ်ဦး ကျဆုံးခဲ့ကြောင်းနှင့် ဆားထုံးကျေးရွာမှ နေအိမ်ရှစ်လုံးနှင့် တဲ တစ်လုံးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။
မီးရှို့ထွက်ပြေးသွား
ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၁၇ ရက်က ဆားလင်းကြီးမြို့နယ် ဆားထုံးကျေးရွာအနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ပြည်သူ များ၏ သတင်းပေးမှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံ ရေးဆောင်ရွက်ခဲ့ရာ လက်လုပ် သေနတ် ၁၁ လက်၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ လက်လုပ်ဗုံးသီး ငါးလုံး၊ လက်လုပ်မိုင်း နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့နောက် အဆိုပါ ကျေးရွာအနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက ဆားထုံးကျေးရွာရှိ နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ပြည်သူ လူထုနှင့်အတူ ပူးပေါင်းဆောင် ရွက်လျက်ရှိရာ တရားမဝင်ပြည် ဖျက်မီဒီယာများက အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန်အတွက် သတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်