နေပြည်တော်၊ ဇန်နဝါရီ ၁၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်စီမံကိန်းဦးစီးရုံးသို့ သွားရောက်စစ်ဆေးသည်။
စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ရာ၌ သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်များမှ မိမိတို့နှင့် သက်ဆိုင်သည့် အပိုင်းများအလိုက် စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရန်နှင့် စာရင်းဇယားများ ပြည့်စုံမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှအဓိက ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်း လျာထားချက်များ စနစ်တကျထည့်သွင်းနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်ဆင့်ကြီး ကြပ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ လုပ်ငန်းစီမံကိန်းများကို စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာ ဆောင်ရွက်သွားရန်တို့ကိုမှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်