ကင်ရှာဆာ ဇန်နဝါရီ ၂၀
ကွန်ဂိုနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ အနည်းဆုံး ၂၃ ဦးသေဆုံးခဲ့ကြောင်း ကွန်ဂိုနိုင်ငံအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ သီယာရီမွန် ဂယ်လာက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားသည်။
အဆိုပါ ရေကြီးရေလျှံမှုများကြောင့် သေဆုံးခဲ့သူ ၂၃ ဦးသည် လီကူယာလာ၊ ကူဗက်တီနှင့် နီယာရီဒေသတို့မှ ဖြစ်ကြောင်း သိရသည်။ ကွန်ဂိုနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ၃၃၆၅၆၀ အထိ ရေကြီးရေလျှံမှု ဒဏ်ခံခဲ့ရပြီး ၆၁၇၈ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ရေကြီးရေလျှံမှုကြောင့် ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့် ဒေသများတွင် ကျန်းမာရေး အဆောက်အအုံ ၂၆ ခု၊ စာသင် ကျောင်း ၁၂၀ နှင့် လူနေအိမ် ၆၄၀၀၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကွန်ဂိုနိုင်ငံ၏ နေရာအနှံ့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် နိုင်ငံအတွင်း ရေမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားနိုင်ခြေကို ပြီးခဲ့သည့် သီတင်းပတ်က သတိပေးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ လက်ရှိမိုးရေချိန်သည် ၂၀၂၂-၂၀၂၃ ရာသီတွင် ရွာသွန်းခဲ့သည့် မိုးရေချိန်စံချိန်တင်၏ ပျမ်းမျှနှစ်ဆဖြစ်ကြောင်းလည်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်