နယူးဒေလီ၊ ဇန်နဝါရီ ၂၀
ယီမင်ပင်လယ်ပြင်၌ ဇန်နဝါရီ ၁၇ ရက်က ဒရုန်းများဖြင့် တိုက်ခိုက်ခံရသည့် လူ ၁၂ ဦး လိုက်ပါသည့် သင်္ဘောတစ်စင်းကို အိန္ဒိယရေတပ်က အကူအညီများ ပေးအပ်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် လူသေဆုံးမှုမရှိကြောင်း အိန္ဒိယရေတပ်မှ အာဏာပိုင်များက ပြောကြားသည်။
ဇန်နဝါရီ ၁၇ ရက် ညနေနှောင်းပိုင်းက ဘေးဒုက္ခရောက်နေသည့် တောင်းဆိုမှုတစ်ခုကြောင့် ယာဉ်ပေါ်ရှိ အမှုထမ်းများကိုကူညီရန် အဆိုပါနေရာသို့ အိန္ဒိယစစ်သင်္ဘာတစ်စင်း စေလွှတ်ခဲ့ကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အာဏာပိုင်များက မှတ်ချက်ပြုထားသည်။
သင်္ဘောကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယီမင်ရှိ ဟူသီသူပုန်များက ပြောသည်။ အဆိုပါအုပ်စုက ပင်လယ်နီနှင့် အနီးဝန်းကျင်ရှိ ကုန်သွယ်ရေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်၊၊ ဂါဇာရှိ အစ္စရေးကို တိုက်ခိုက်နေသည့် ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမားစ်ကိုထောက်ပံ့ရန် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့အဖွဲ့ကပြောသည်။ အာရှနှင့် ဥရောပအကြား အဓိကစီးပွားဖြစ် ပင်လယ်လမ်းကြောင်း ဖြစ်သည့်ဒေသတွင် အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ