မနီလာ ဇန်နဝါရီ ၂၀
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအို ဒီအိုရို ပြည်နယ်ရှိကျေးရွာတစ်ရွာတွင် မြေပြိုမှုကြောင့် သေဆုံးသူဦးရေမှာ ဇန်နဝါရီ ၁၈ ရက်က ၁၀ ဦးအထိရှိလာကြောင်း ဒေသခံ အာဏာပိုင်များက ဇန်နဝါရီ ၁၉ ရက်ကပြောသည်။
ဇန်နဝါရီ ၁၈ ရက်က ကယ်ဆယ်ရေးသမားများသည် ကလေးငယ်များအပါအဝင် လူခုနစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ သည်။ မြေပြိုမှုဖြစ်ပွားပြီးမကြာမီ ယခုလိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၉ ရက်တွင် ကယ်ဆယ် ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်။
ဒါဗာအိုဒေသရှိ ပြည်နယ် လေးခုတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုများကို မိသားစုပေါင်း ၇၀၀၀၀ ခံစားခဲ့ရပြီး လူပေါင်း ၂၇၀၀၀၀ ကျော်မှာ ရေကြီးမှုဒဏ် ခံစားခဲ့ရသည်ဟု အမျိုးသားသဘာဝဘေး ထိခိုက်မှု လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီက ပြောသည်။
ဆင်ဟွာ