နေပြည်တော် ဇန်နဝါရီ ၂၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၆)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Skylube Lubricant (၃၃၃၂၀)ကီလိုဂရမ်၊ 2 Furnace Door (၂)စုံ၊ Koyo Lubricants (၄၀၂၇)ကီလိုဂရမ်၊ Beta Three 2 Way Speaker (၂)စုံ၊ 9” Speaker Accessories (၂၂)ခု အပါအဝင် ကုန်ပစ္စည်း (၇)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၄,၈၃၉,၀၂၈)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီ မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ကားအပိုပစ္စည်း Denso Motor (၆၀)ခု အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Probox (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁,၈၃၉,၀၂၈) ကို ဖမ်းဆီးရ မိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၉ ရက်တွင် ပဲခူးမြို့၊ ကလိ ကျေးရွာ၊ စိုးရတနာလင်းဆီဆိုင်အနီး၌ လိုင်စင်မဲ့ Hond Fit မော်တော်ယာဉ်(၁)စီးနှင့် Toyota Wish မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ ဇန်နဝါရီ ၂၀ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ (၁ ဒသမ ၄၃၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၉,၄၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဝေါမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၇၁၉,၄၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇန်နဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁,၅၅၈,၄၂၈) ဖြစ်ကြောင်းတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်