ဒမတ်စကတ်၊ ဇန်နဝါရီ ၂၂

 

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်၌ အစ္စရေးတပ်ဖွဲ့ဝင်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ပြီး အစ္စရေးနှင့် အီရန်နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လျက် ရှိကြောင်း သိရသည်။ ဟားမတ်စ်အဖွဲ့ကို ကျောထောက်နောက်ခံပြုသည့် အီရန်က အစ္စရေးကို လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

 

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံ၏ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း အီရန်အစိုးရပိုင် မီဒီယာက သတင်းဖော်ပြသည်။

 

သေဆုံးသူငါးဦးသည် စစ်အကြံပေးများဖြစ် ကြောင်း သိရသည်။  လက်ရှိအချိန်အထိ အစ္စရေးက တုံ့ပြန်ခြင်းမရှိ သေးသော်လည်း အီရန်ကို တိုက်ရိုက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း  ၀န်ကြီးချုပ်နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက  မှတ်ချက်ပြုပြော ကြားသည်။

 

အစ္စရေးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၀ ရက်က ဂါဇာကမ်းမြောင်၌ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ တောင်ဘက်ပိုင်းရှိ ခန်ယွန်နစ်မြို့၌ ဟားမတ်စ် တိုက်ခိုက်ရေးသမားများကို သတ်ဖြတ်ခဲ့ပြီး မြောက်ပိုင်းရှိ ဂါဇာမြို့အနီးတွင် ဒုံးကျည်များနှင့် လောင်ချာများကို ရှာဖွေဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

 

ထို့ပြင် အစ္စရေးတပ်ဖွဲ့ဝင်များသည် ခန်ယွန်နစ်မြို့နှင့် အခြားနေရာများတွင် ဓားစာခံများ၏ ဓာတ်ပုံများနှင့် သတင်းအချက်အလက်ရယူရန် လက်ကမ်းစာစောင်များကို  ဝေဟင်မှ ကြဲချခဲ့သည်။  လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ၁၆၅ ဦး သေဆုံးခဲ့ပြီး လက်ရှိတိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ စုစုပေါင်းသေဆုံးသူ ၂၄၉၂၇ ဦးအထိ ရှိသွားကြောင်း ဂါဇာရှိ ကျန်းမာရေး အာဏာပိုင်များက ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်