နေပြည်တော် ဇန်နဝါရီ ၂၂

 

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရာအိမ်မှူးအချို့ စစ်သင်တန်းတက်ခိုင်းသဖြင့် နုတ်ထွက်စာ တင်နေကြောင်း တရားမဝင်ပြည် ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

 

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ  ရာအိမ်မှူးများအား စစ်သင်တန်းပေးသည်ဆိုသည့်  သတင်းမှာမှန်ကန်မှုမရှိကြောင်းနှင့် ရာအိမ်မှူးအချို့ နုတ်ထွက်စာ တင်ပြထားသည်ဆိုသည်မှာလည်း မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

 

မြို့ရွာများ တည်ငြိမ်အေးချမ်းလျက်ရှိမှုကို ပျက်ပြားစေရန်၊ ပြည်သူလူထု လူမှုစီးပွားဘဝ ပျက်စီးစေရန်နှင့် စိုးရိမ်ထိတ်လန့်မှုများဖြစ် ပေါ်စေရန်အတွက် အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများမှ လူမှုကွန် ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း  သိရသည်။

 

သတင်းစဉ်