ရန်ကုန်၊ ဇန်နဝါရီ ၂၃

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်း၍ စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။ 

 

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများ၊ စက်မှုဇုံများမှ ကိုယ်စားလှယ်များ၊ အသင်းသူ/သားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌတို့က အမှာစကားများ ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက စီးပွား‌ရေးနှင့် လူ့အခွင့်အရေးများဆိုင်ရာ လမ်းညွှန်အခြေခံမူများ၊ စီးပွား‌ရေးနှင့် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အမှုများအပေါ်  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် အရှေ့တောင်အာရှ လူ့အခွင့်အရေး အဖွဲ့အစည်းများတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များ စသည့် ဘာသာရပ်များကို ဟောပြောဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

 

သတင်းစဉ်

 

mdn