တိုကျို၊ ဇန်နဝါရီ ၂၄
လျှပ်စစ် ပြတ်တောက်မှုကြောင့် ဂျပန်နိုင်ငံ ခရိုင်များနှင့် ဂျပန်မြို့တော်ရှိ ရှင်ကန်ဆန် ကျည်ဆန်ရထားလိုင်း သုံးလိုင်း ကို ဇန်နဝါရီ ၂၃ ရက်က ခေတ္တ ရပ်နားခဲ့ရသည်။
ရှင်ကန်ဆန်ကျည်ဆန်ရထားလိုင်း ခေတ္တခဏ ရပ်နားခဲ့သည့်အတွက် တိုကျိုမှ ဆန်ဒေးသို့ ပြေးဆွဲသည့် တိုဟိုကူရထားလိုင်း၊ တိုကျိုမှ တာကာဆာကီ ပြေးဆွဲသည့် ဟိုကူရှီကူနှင့် ဂျိုအီဆု ရထားလိုင်းများ ထိခိုက်ခဲ့သည်။ ဂျပန်နိုင်ငံအရှေ့ပိုင်း ရထားလိုင်း ကုမ္ပဏီက အဆိုပါရထားလမ်းပိုင်း ရှိ ရထားဝန်ဆောင်မှုများကို တစ်နေကုန် ရပ်နားထားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ဂျပန်နိုင်ငံ အရှေ့ပိုင်းရထားလိုင်းက ရထားလိုင်းများ ရပ်နားထားခြင်းသည် ဇန်နဝါရီ ၂၃ ရက် နံနက် ၁၀ နာရီမတိုင်မီ လျှပ်စစ်ပြတ်တောက်မှုကြောင့်ဖြစ်ကြောင်း ပြောသည်။ ရထားလိုင်း ကုမ္ပဏီက ယူအီနိုနှင့် အိုမီယာ ဘူတာရုံကြား လျှပ်စစ်သွယ်တန်းထားသည့် ဓာတ်အားလိုင်းများ တန်းလန်းကျနေသည်ကို ဓာတ်ပုံထဲတွင် ဖော်ပြထားသည်။
ကုမ္ပဏီသည် အမှုထမ်းများကို ပြင်ဆင်မှုများလုပ်နိုင်ရန် အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့သည်။ သို့သော်လည်း တွဲဖက်ကုမ္ပဏီတစ်ခုမှ အလုပ်သမားတစ်ဦးသည် ဓာတ်လိုက်ခဲ့ပြီး ကျန်တစ်ဦးမှာ မီးလောင်မှုဒဏ်ရာများ ခံစားခဲ့ရသည်။ ၎င်းတို့နှစ်ဦးလုံးကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ အလုပ်သမားများ၏ အခြေအနေနှင့်ပတ်သက်ပြီး မသိရသေးချေ။
အင်န်အိတ်ချ်ကေ