နေပြည်တော် ဇန်နဝါရီ ၂၄

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း သည် ယမန်နေ့၊ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာန(၁၁)ခုမှ ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်နယ်တာဝန်ခံများအနေဖြင့် ဌာနကိုတာဝန်ခံ ဆောင်ရွက်ရသည့်အတွက် ပြည်ထောင်စုမှချမှတ်ထားသောမူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ ချမှတ်ထားသည့် လမ်းစဉ်များကို သိရှိရန်လိုအပ်သကဲ့သို့  ပြည်နယ်အစိုးရ၏ မူဝါဒနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သိရှိနားလည်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ စီးပွားရေးဦးတည်ချက်(၃)ရပ်တို့ကို လက်အောက်ရှိ ဝန်ထမ်းများလည်း သိရှိအောင် ရှင်းလင်းဆွေးနွေးပေးရန်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့အကြားတွင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယနေ့အချိန်အခါတွင် နိုင်ငံဒေသအချို့၌ လက်နက်ကိုင် ပဋိပက္ခများနှင့် ဆက်စပ်၍ လက်အောက်ဝန်ထမ်းများအား တစ်ဖက်အဖွဲ့အစည်းများမှ သွေးထိုးလှုံ့ဆော် မှုများရှိနေကြောင်း၊ ယင်းတို့ကို လက်အောက်ဝန်ထမ်းများအား ဂရုပြုကြီးကြပ်ပေးရန် ဖြစ်ကြောင်း၊ ဌာနအတွင်းရှိ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ် မှုရှိရန်လိုအပ်ပြီး လက်အောက် ဝန်ထမ်းများအား ကျောသားရင်သားမခွဲခြားဘဲ နာယကဂုဏ် (၆) ပါးနှင့်အညီ စီမံအုပ်ချုပ်ရန်လိုအပ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပြီး ပြည်နယ်ဌာနဆိုင်ရာများမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်