ကျောက်ဆည်၊ ဇန်နဝါရီ ၂၅

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲပိုင်းက (၇၇)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပသည်။

 

ကျပန်းစကားပြာပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူ မျိုးဆက်သစ်လူငယ်များ မြန်မာ့လွတ်လပ်ရေး၏အမြုတေ သမိုင်းဝင်ပင်လုံစာချုပ်တွင် လက်မှတ်ရေထိုးခဲ့သည့် ပြည်ထောင်စုနေ့အကြောင်း အသိပညာဗဟုသုတရရှိစေရန် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ  ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်သား/ကျောင်သူ (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်၍ ပြိုင်ပွဲအပြီးတွင် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြက်စေရန် လစဉ် အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

တင်တင်ထွေး